-->

Uncontrolled Love 1 (2016) မြန်မာစာတန်းထိုး

Title : Uncontrolled Love 1 (2016)
File Size : (706 MB)
Quality : Web dl 720p
Format : MP4 (H.264)
Running Time : 1hr 14min
Genre : Drama
Translator : Phyu Phyu Thant
Review – Princess Khun
Encoder : Kyaw Ye Aung

ဒီကားလေးကတော့နာမည်အရမ်းကြီးလူကြိုက်များပြီးအပိုင်း ၂ ပိုင်းထွက်ရှိထားပါတယ်။ ရှန်ဟိုင်းမြို့ Roman Catholic Church မိဘမဲ့ကျောင်းကကောင်လေး Shu nian ကိုအလွန်ချမ်းသာသော Xie မိသားစုမှတစ်ဦးတည်းသောသားလေး Xie yan ကသူ့အစ်ကိုအဖြစ်မွေးစားဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။ Shu nian က Xie yan ထက်အသက် ၅ နှစ်ပိုကြီးပြီး Xie yan အလိုကျအလိုက်ဆောင်ပေးရပါတယ်။ Xie yan ဟာ Shu nian ကိုငယ်စဉ်ကတည်းကသူ့ကိုယ်ပိုင်ပစ္စည်းသကဲ့သို့၊ သူဝယ်ယူထားသောအရုပ်တစ်ရုပ်ကဲ့သို့ သူခိုင်းတာကိုလုပ်၊သူနေခိုင်းသလိုနေခိုင်းပေမယ့်
shu nian အား အရမ်းကိုချစ်တဲ့သူတစ်ယောက်ပါ Xie yan နိုင်ငံခြားသို့
၆ နှစ်လောက်ပညာတော်သင်ထွက်သွားပြီးပြန်လာချိန်တွင် Xie yan အသက်က 25 နှစ်ဖြစ်ပြီး Shu nian ကတော့ အသက် 30 အရွယ်ဖြစ်နေပါပြီ။ Xie yan ပြန်ရောက်လာချိန်မှာတော့သူဟာလိင်တူနှစ်သက်သူတစ်ယောက်အဖြစ်သို့ယိမ်းယိုင်စပြုနေပါတယ်။ ဒါပေမယ့်သူ့ကိုသူလုံးဝလက်မခံနိုင်ပါဘူး…အိမ်ကိုလဲသူ့ရည်းစားကိုခေါ်လာ၊မူးနေတော့ shu nian
နာမည်ယောင်ယောင်မှားမှားခေါ်တတ်ပါတယ် တဖက်မှာ Shu nian ကလဲ Xie yan အားသူ့ညီတစ်ယောက်ထက်ပိုတဲ့ခံစားချက်တွေကငယ်စဉ်ကတည်းကဖြစ်တည်နေခဲ့ပါတယ်။ ငယ်စဉ်ကတည်းကအိပ်ယာအတူတူပေါ်မှာ xie yan ရဲ့ထွေးပွေ့မှုတွေကိုခံခဲ့ရတဲ့။ Shu nian တစ်ယောက် ၆ နှစ်ကြာမှပြန်လာခဲ့သော xie yan ပြန်ရောက်လာချိန်မှာတော့
ထိုအထိအတွေ့မျိုး၊ထိုခံစားချက်မျိုးကိုတစ်ကျော့ပြန်ပြန်လည်ခံစားရမည်ကိုကြောက်ရွံ့နေမိသလို….. သူ့ကိုလိင်တူနှစ်သက်သူလို့ xie yan သိသွားမှာကိုလည်းကောင်း၊သူ xie yan အပေါ်ထားတဲ့ခံစားချက်ကိုသိသွားမှာကိုလည်းကောင်းကြောက်ရွံ့နေရသူပါ။ နောက်ဆုံးတော့သူ့ကိုခြောက်လှန့်နေတဲ့..သူကြောက်နေမိတဲ့အရာတွေကို xie yan
ရဲ့ရည်းစားကသတိထားမိသွားပါတော့တယ်..သူသာမက xie yan
တစ်ယောက်လဲသိသွားပါတော့တယ် Shu nian ကိုအိမ်ပေါ်ကနေထွက်သွားခိုင်းလိုက်ပါတော့တယ်။ အမြဲတမ်းသူစေရာသူခိုင်းရာကိုလုပ်ရတဲ့ shu nian အတွက်ဒါကတော့အဆန်းမဟုတ်တော့ပါဘူး။ ဒါပေမယ့် xie yan ကတော့သူ့စိတ်သူ၊သူ့ခံစားချက်သူမထိန်းချုပ်နိုင်ခဲ့ပါဘူး….သူ shu nian အပေါ်ခံစားချက်တွေရှိနေတာကိုတော့သူလက်ခံပါတယ်…
အိမ်ပေါ်ကနှင်ချခဲ့ပေမယ့်နောက်ကွယ်ကတော့လိုက်ကြည့်နေတတ်ပါတယ်။ အိမ်ပေါ်ကနှင်ချခံခဲ့ရတဲ့ shu nian သူ့ထက်အသက်ငယ်တဲ့ကောင်လေးတစ်ယောက်နဲ့ ခင်မင်ရင်းနှီးခဲ့ကြပါတယ် ဒါကို xie yan ကတော့သဘောမတွေ့တမျိုးထင်နေခဲ့ပါတယ်။ Xie yan တစ်ယောက်သူ့ကိုသူ homo ဆိုတာကိုလက်ခံလိုက်တော့မှာလား…..ဒါမှမဟုတ်သူချစ်ရတဲ့ shu nian ကိုပဲတခြားသူလက်ထဲထည့်လိုက်တော့မှာလား……ဒီကားကိုတော့ LGBT ကားအနေနဲ့ မကြည့်ပဲ Drama ကားတစ်ကားအနေနဲ့သာကြည့်ရှူ ကြဖို့
တိုက်တွန်းချင်ပါတယ် ဗျ။


              WWW.MUSICMOVIECRAZY.COM does not claim any rights on all images and videos published. We do our best to attribute images, videos and any materials to their creators and original sources. 

              Music Movie Crazy is a link sharing website and only share the myanmar movie / music and video links from Youtube and their official websites. We don't embed video on our website, We credit images, videos and other source to their creators and original sources. 


              This is also a directory about performers. More over, this is the collection of shared myanmar movies / music and video links from youtube. Our team respect images, videos and other source to their creators. 

              If anyone who have rightful ownership for any materials on our website want us to remove their material from our website, contact us and we will completely take them off. Email: admin@musicmoviecrazy.com

0 comments:

,